၁။အခမ်းအနားကို နမောတဿ သုံးကြိမ်ဖြင့်ဘုရားကန်တော့၍ဖွင့်လှစ်ပြီး တိုင်းကော်မတီဥက္ကဌ မဟာဇေယျာရာမဆရာတော်ဘုရားမှ ငါးပါးသီလချီးမြှင့်ပေးသည်။
၂။ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟိုနာယကဆရာတော် ဒေါက်တာဣန္ဒာလက်ာရမှကျောင်းအသိအမှတ်ပြုလွှာပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ဓမ္မစကူးလ်လုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းမိန့်ကြားပေးသည်။
၃။ဖောင်ဒေးရှင်းဗဟိုဆရာတော်မှပင် နေပြည်တော်အတွင်းဖွင့်လှစ်သင်ကြားနေသော ဓမ္မစကူးလ်သင်တန်းကျောင်း ၄၆ ကျောင်းတို့ကို ကျောင်းအသိအမှန်ပြုလွှာများကို ပေးအပ် ချီးမြှင့်ခဲ့သည်။
၄။ဆက်လက်၍ နေပြည်တော်တိုင်းဓမ္မစကူးလ် ကော်မတီငွေပဒေသာပင် ကုသိုလ်ရှင်များအား ကော်မတီ၏နာယကဆရာတော်ကြီးများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်း ပေးခဲ့ကြပါသည်။
( အခမ်းအနားပြုလုပ်ကျင်းပရာနေရာ မြိတ်ကျောင်း အနာဂါတ်အလင်းရောင် ဓမ္မစကူးလ် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်)
ဘုန်းရွှေစည် မင်းနေပြည်
ပြန်ကြားရေးတာဝန်ခံဆရာတော်