ဓမ္မစကူးလ်များစီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအောင်ပွဲအခမ်းအနားကျင်းပ
———————————————————————————————————-
မိုးကောင်းမြို့နယ် ( ၂၅-၂-၂၀၂၀ )
သာသနာတော်နှစ်-၂၅၆၃၊ ကောဇာသက္ကရာဇ်-၁၃၈၁ခုနှစ်၊ ခရာဇ်နှစ်-၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊
ကံလှကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နှင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဓမ္မစကူးလ်ကော်မတီတို့ ပူးပေါင်းကျင်းအပ်သော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ အကြိမ် ( ၇၀ )မြောက် ဓမ္မစကူးလ်များ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်ပွဲအခမ်းအနားသို့ မိုးကောင်းမြို့နယ် ဓမ္မစကူးလ် ကော်မတီ နာယကဆရာတော်များ၊ ကော်မတီဝင်များ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နည်းပြများ၊ကချင်ပြည်နယ် ဓမ္မစကူးလ်ကော်မတီ အတွင်းရေးမှူးဆရာတော်နှင့် ရုံးအဖွဲ့ဝင်များ၊ မိုးကောင်းမြို့နယ် သာသနာရေးဦးစီးအရာရှိနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး ညနေ(၃:၃၀)နာရီအချိန်တွင် အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပါသည်။
ဆက်လက်၍ မိုးကောင်းမြို့နယ်ဓမ္မစကူးလ်ကော်မတီ နာယကဆရာတော်၊ နမ္မတီးမြို့ ၊ မြို့သစ်ကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလံခံယူတော်မူကြပြီး၊ ကချင်ပြည်နယ်ဓမ္မစကူးလ်ေကာ်မတီ အတွင်းရေးမှူးဆရာတော်ဘဒ္ဒန္တသိရိန္ဒမှ ဩဝါဒကထာများ မိန့်ကြားတော်မူခဲ့ပါသည်။
ထို့နောက် မိုးကောင်းမြို့နယ် သာသနာရေးဦးစီးအရာရှိမှ သာသနာရေးဆိုင်ရာများလျှောက်ထားတော်မူခဲ့ပြီး သင်တန်းနည်းပြ ဒေါ်ချိုမာလွင်မှ သင်တန်းနှင့်စပ်လျဉ်းသည်များ ရှင်းလင်းလျှောက်ထားကာ သင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆရာတော်များမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၊ ဓမ္မစကူးလ်ဗိမာန်ဆောက်လုပ်ရန် အလှူငွေများပေးအပ်ခဲ့ပြီး မိုးကောင်းမြို့နယ် ဓမ္မစကူးလ် ကော်မတီ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ အာစာရ(ကံလှကျောင်း၊နမ္မတီး)မှ နိဂုံးချုပ် ကျေးဇူးတင်စကား မိန့်ကြားကာ ညနေ(၅:၀၀) နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံ တိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
DS-Media-Kachin